
အမေရိကား ယနေ့ သတင်းတခုက ပြည့်တန်ဆာ တဦးကို ဖမ်းမိရာမှာ ဓါတ်ဆီ ဝယ်တဲ့ကဒ်ပြား ဒေါ်လာ ၁၀၀ ဘိုး နဲ့ ခန္ဓာကိုယ်ရောင်းခဲ့တယ် လို့  သတင်းမှာ ဖတ်ရပါတယ်။
သူတို့ ဓါတ်ပုံတွေ ဖေါ်ပြလိုက်တာ သူတို့ တော့ တသက်လုံး ဘယ်သွားသွား အရှက်ကွဲတော့မှာပါဘဲ။
ဓါတ်ဆီဈေးတွေ တော်တော်တက်နေပါတယ် ၄ဒေါ်လာ ၅ ဒေါ်လာ ပေးနေရပါတယ်။
ပြည့်တန်ဆာ လုပ်ငန်းကို ပြည်နယ် အားလုံးမှာ ကြပ်ကြပ်မတ်မတ်ဖမ်းဆီးပါတယ်။
ဗေးဂတ်မှာ တော့ တရားဝင်ခွင့်ပြုပါတယ်။
ဒါတောင်မှ မြို့ပေါ်မှာ မဟုတ်ဘဲ မြို့ ရဲ့အပြင်ဘက်မှာ သာ ခွင့်ပြုထားပါတယ်။
မြို့တိုင်းမှာတွေ့ ရတာကတော့ ရပ်ကွက်မကောင်းတဲ့ နေရာတွေ မှာ လူကြီး တွေအတွက် ဆိုင်တွေ
မိန်းခလေးတွေဘားကောင်တာ မှာ ကပြတဲ့အရက်ဆိုင်လေးတွေ အမြဲရှိတာ တွေ့ ရပါတယ်။
Gentleman's club ...Adults shop စသည်ကြော်ငြာထားတာ တွေ့ ရပါတယ်။
ပြူတင်းပေါက် သိပ်မတွေ့ ရဘူး။ အထဲကို အပြင်က မမြင်ရအောင်ထင်တယ်။
ပြည့်တန်ဆာအလုပ်တော့ တော့ခွင့်မပြုပါ။
များသော အားဖြင့် အောက်တန်းလွှာ က ယောင်္ကျားတွေ သွား ကြတယ် လို့ သိရပါတယ်။
ထရပ်ကားမောင်းသမားတွေ အလုပ်ကြမ်းသမားတွေ စသူတို့ ပါ။
အင်တာနက်ပေါ်မှာလည်း အလုပ်ရှာ ကြတဲ့ ပြည့်တန်ဆာတွေ ရှိလို့  ဒီ က ပုလိပ်တွေက အင်တာနက်ပေါ်မှာပါ
အစအန၇ှာပြီးဖမ်းဆီးကြတာကို သတင်းတွေ ဖတ်ရပါတယ်။
..